မြင်မြင်သမျှ ဤလောကတွင်
အလှတို့ဖြင့်ပြည့်ဘိ၏၊
မြင်မြင်သမျှ ဤလောကတွင်အလှတို့ဖြင့် ချယ်သဖြင့်လည်း
မြင်ခွင့်ရှိမှ မြင်စွမ်းရသည်
အလှဟူငြား မြင်သည်ထားဦး
ခံစားသိတတ် ခံယူတတ်မှကျိုးမြတ်ပီတိ ရင်ဝယ်ငြိ၏၊
သြော်...လူ့ဘုံလောကာ ရခဲစွာကိုရလာခဏ တဘ၀၀ယ်
အလှမမြင် လှမမင်ဘဲမြင်ရန်မဖွေ ဖွေရန်မသိ
ငါဖြစ်ဘိမူ ငါ၏ဘ၀ ထိုခဏသည်
မည်မျှရှုံးလိုက်လေမည်နည်း။
မောင်စွမ်းရည်
ခံစားချက်တို့ ဆုံစည်းရာ
ရင်တွင်းမှ ခံစားချက်များကို ကဗျာအဖြစ် ထုတ်ဖော်လိုက်ကြပါ။ :)
Nov 20, 2015
Oct 17, 2012
ရင်ထဲက အဖေနဲ့အမေ
တောင်ကြိုကြားက စိမ့်စမ်းပမာ
အေးမြလှပေ
တိမ်ဖြူကြားက နေရောင်ခြည်သို့
နွေးထွေးခဲ့သလေ
ရင်ထဲက အဖေ ရင်ထဲက အမေ။
ကိုယ့်ဝမ်းလွယ် အနာအကျင်ခံလို့
မွေးဖွားတဲ့အမေ
ချော့တေးဆို အကြင်နာပိုလို့
အချစ်ပြတဲ့အမေ
ခြေမခိုင် ယိုင်တိုင်တိုင်မို့
ဖေးမတဲ့အမေ
မိဘဆရာ အစဉ်ရိုသေဖို့
ဆုံးမတဲ့အမေ
ရင်ထဲမှ လှိုက်လှဲစွာနဲ့
ကျေးဇူးပါအမေ။
ကိုယ့်သားပျို အပူအပင်မလိုဖို့
ကြိုးစားတဲ့အဖေ
နေပူထဲမှာ အပူရှိန်မမှုဘဲ
အလုပ်လုပ်တဲ့အဖေ
သန်းခေါင်ယံ အိပ်ချိန်မှာလည်း
မအိပ်နိုင်တဲ့အဖေ
အလုပ်များကာ ပင်ပန်းတာမို့
သုန်မှုန်တဲ့အဖေ
ကိုယ့်ကလေးကို တီတာတာနဲ့
အချစ်မပြတဲ့အဖေ
ဆိုနားမလည် သားငမိုက်က
ရိုင်းပြမိသလေ
ရင်ထဲက တကယ့်မေတ္တာက
ကြီးမားလှပေ
တောင်မြင့်မိုရ်မက မြင့်မားတဲ့
အဖေ့မေတ္တာတွေ
သားနားလည်ပြီမို့
ခွင့်လွှတ်ပါအဖေ။
နှလုံးသားမှ လှိုက်လှဲစွာနဲ့ ကန်တော့ပါ၏ အဖေ။
နှလုံးသားမှ နွေးထွေးစွာနဲ့ ကန်တော့ပါ၏ အမေ။
အေးမြလှပေ
တိမ်ဖြူကြားက နေရောင်ခြည်သို့
နွေးထွေးခဲ့သလေ
ရင်ထဲက အဖေ ရင်ထဲက အမေ။
ကိုယ့်ဝမ်းလွယ် အနာအကျင်ခံလို့
မွေးဖွားတဲ့အမေ
ချော့တေးဆို အကြင်နာပိုလို့
အချစ်ပြတဲ့အမေ
ခြေမခိုင် ယိုင်တိုင်တိုင်မို့
ဖေးမတဲ့အမေ
မိဘဆရာ အစဉ်ရိုသေဖို့
ဆုံးမတဲ့အမေ
ရင်ထဲမှ လှိုက်လှဲစွာနဲ့
ကျေးဇူးပါအမေ။
ကိုယ့်သားပျို အပူအပင်မလိုဖို့
ကြိုးစားတဲ့အဖေ
နေပူထဲမှာ အပူရှိန်မမှုဘဲ
အလုပ်လုပ်တဲ့အဖေ
သန်းခေါင်ယံ အိပ်ချိန်မှာလည်း
မအိပ်နိုင်တဲ့အဖေ
အလုပ်များကာ ပင်ပန်းတာမို့
သုန်မှုန်တဲ့အဖေ
ကိုယ့်ကလေးကို တီတာတာနဲ့
အချစ်မပြတဲ့အဖေ
ဆိုနားမလည် သားငမိုက်က
ရိုင်းပြမိသလေ
ရင်ထဲက တကယ့်မေတ္တာက
ကြီးမားလှပေ
တောင်မြင့်မိုရ်မက မြင့်မားတဲ့
အဖေ့မေတ္တာတွေ
သားနားလည်ပြီမို့
ခွင့်လွှတ်ပါအဖေ။
နှလုံးသားမှ လှိုက်လှဲစွာနဲ့ ကန်တော့ပါ၏ အဖေ။
နှလုံးသားမှ နွေးထွေးစွာနဲ့ ကန်တော့ပါ၏ အမေ။
May 12, 2012
မလိုချင်တော့ဘူး
မျှော်လင့်မိခဲ့ဖူးတဲ့...
အနမ်းတစ်ပွင့်လည်းး
ငါမလိုချင်တော့ဘူးးးးးးးးးးးးးး
ငါပိုင်ဆိုင်ချင်တဲ့..
နင့်ရဲ့ပါးချိုင့်လေးတစ်ဖက်ကိုလ
ငါမရူးသွပ်ချင်တော့ဘူးးးးးးးးးး
င့ါလက်ကိုကြင်နာစွာဆုပ်ကိုင်ဖူး
နင့်လက်ဖ၀ါးကိုလည်း
မတပ်မက်ချင်တော့ဘူးးးးးးးးး
စကားလှလှတွေသုံးပြီး
မာယာအပြုံးတွေနဲ့.င့ါကို
လှည့်စားခဲ့တဲ့နင့်ကို...မုန်းတ
အဆိပ်ကိုအဆိပ်မှန်းမသိ..
ချိုမြိန်တဲ့ပျားရည်လို့ထင်ပြီး
သောက်သုံးခဲ့တဲ့ င့ါကိုယ်ငါလည်းမုန်းတယ်.
အခုတော့နင်နဲ့ငါ.လမ်းခွဲခြင်းနဲ
ပတ်သက်ဖူးသမျှသံယောဇဉ်ကိုဖြတ်တေ
အတိတ်တွေကိုပြည်ဖုံးကားချပြီး
ပျော်ရွှင်စွာနဲ့ဇာတ်သိမ်းကြတာပေ
အရှုံးပေးလျက်ပါ.....
ချစ်သူ...
ငါလွမ်းလို့.နင်ထိုင်နေကျနေရာလေးကိုငေးတဲ့အခါ..
အသက်မဲ့တဲ့နင့်နေရာလေးက..
ငါ့ကိုလှောင်ရယ်တယ်..
ချစ်သူ...
ဘာဖြစ်လို့.ငါ့ကိုလမ်းခွဲခြင်းနဲ့ကျောခိုင်းခဲ့တာလဲ??????????/
အရှုံးပေးနေသူကို..
အနိုင်ထပ်ယူချင်သေးလို့လား????
ဘာပဲ့ဖြစ်ဖြစ်နင်ပျော်ရင်ကျေနပ်တဲ့ငါက
နင့်ရဲ့ချန်ရစ်ခြင်းနောက်ကွယ်မှာ
ကျန်ရစ်ခဲ့သူပါ....ဟာ
ငါလွမ်းလို့.နင်ထိုင်နေကျနေရာလေးကိုငေးတဲ့အခါ..
အသက်မဲ့တဲ့နင့်နေရာလေးက..
ငါ့ကိုလှောင်ရယ်တယ်..
ချစ်သူ...
ဘာဖြစ်လို့.ငါ့ကိုလမ်းခွဲခြင်းနဲ့ကျောခိုင်းခဲ့တာလဲ??????????/
အရှုံးပေးနေသူကို..
အနိုင်ထပ်ယူချင်သေးလို့လား????
ဘာပဲ့ဖြစ်ဖြစ်နင်ပျော်ရင်ကျေနပ်တဲ့ငါက
နင့်ရဲ့ချန်ရစ်ခြင်းနောက်ကွယ်မှာ
ကျန်ရစ်ခဲ့သူပါ....ဟာ
မျော်လင့်လျက်ပါ........
မျှော်လင့်ခြင်းတွေနဲ့.ရှင်သန်ေ နတဲ့..
ငါ့မနက်ဖြန်တိုင်းကို....
စိုးမိုးချင်တိုင်းစိုးမိုးနိုင်လွန်းတယ်......ချစ်သူ
နင့်ကိုချစ်တယ်လို့.တိုးတိုးလေး နင်ပြောတိုင်း
ငါရင်တွေခုန်ခဲ့ရပါတယ်...
ဒါပေမယ့်...
ဒါတွေကမုသားလို့ငါသာသိလိုက်ရင်. .
သွေးပျက်သွားမယ်လို့နင်ထင်နေတယ် မလား
ဟင့်အင်း သွေးပျက်တယ်ဆိုတာ
ကြောက်ရွံ့တာပဲ့လေ..
အချစ်စစ်အချစ်မှန်နဲ့ချစ်တဲ့ငါက တော့..
နင်ဘယ်လိုရှိရှိ...
ငါ့အပေါ်ဘယ်လိုသဘောထားထား..
ငါကတော့..နင့်အပေါ်အမြဲချစ်တယ်..
အမြဲနားလည်တယ်...
ပြီးတော့..
နင့်ရဲ့အချစ်တွေကို မျှော်လင့်နေဆဲပါ.ဟာ
စိုးမိုးချင်တိုင်းစိုးမိုးနိုင
နင့်ကိုချစ်တယ်လို့.တိုးတိုးလေး
ငါရင်တွေခုန်ခဲ့ရပါတယ်...
ဒါပေမယ့်...
ဒါတွေကမုသားလို့ငါသာသိလိုက်ရင်.
သွေးပျက်သွားမယ်လို့နင်ထင်နေတယ်
ဟင့်အင်း သွေးပျက်တယ်ဆိုတာ
ကြောက်ရွံ့တာပဲ့လေ..
အချစ်စစ်အချစ်မှန်နဲ့ချစ်တဲ့ငါက
နင်ဘယ်လိုရှိရှိ...
ငါ့အပေါ်ဘယ်လိုသဘောထားထား..
ငါကတော့..နင့်အပေါ်အမြဲချစ်တယ်..
အမြဲနားလည်တယ်...
ပြီးတော့..
နင့်ရဲ့အချစ်တွေကို မျှော်လင့်နေဆဲပါ.ဟာ
May 9, 2012
သင်းကွဲကြယ်
တကယ်တော့
ငါဟာ သင်းကွဲတစ်ကောင်ပါ
ရင်ဘတ်ထဲက တမ်းတခြင်းတွေတော့ရှိပါရဲ့ 
ဒါပေမယ့်
ဒီအရပ်မှာတော့ ဒီဇာတ်ကမိုးခေါင်တုန်းပေါ့။
မျှော်လင်ခြင်းဆိုတဲ့ အင်အား (အချစ်တွေနဲ့ )
ငါ့ကိုပေးသနားပါ
ညတာရှည်တဲ့ ဆောင်းအိပ်မက်တွေထဲက
ငါနိုးထချင်လို့............။။
အဆုံးသတ်..........
ငါ့နှလုံးသားရဲ့ အဖြူရောင် Canvas ထက်
နင့်လက်ရေး ၀ိုင်းစက်စက်နဲ့ ရေးခဲ့ဖူးတဲ့
မျှော်လင့်ချက်ကောက်ကြောင်း အားလုံး........
အားလုံး...........
အခုတော့ ပျောက်ကွယ်သွားပြီ.........
နင့်လက်ရေး ၀ိုင်းစက်စက်နဲ့ ရေးခဲ့ဖူးတဲ့
မျှော်လင့်ချက်ကောက်ကြောင်း
အားလုံး...........
အခုတော့ ပျောက်ကွယ်သွားပြီ.........
Apr 10, 2012
နိုးတစ်ဝက်အိပ်မက်
တီးခတ်သူလည်း မဲ့ကုန်ပြီ
ဂီတသံတွေ တိတ်ဆိတ်လို့
ညတွေလည်း သွေ့ကုန်ပြီ
မုတ်သုန်လေ စခန်းထလို့
ကြယ်တွေလည်း ငိုကုန်ပြီ
ငါ့ရွှက်တိုင်တွေ လဲပြိုလို့
ငါ့ဘ၀လည်း မျောနေပြီ
ပျံသန်းခြင်းတွေ ရပ်တန့်လို့
ဆီးကြိုသူလည်း ဆိတ်ကုန်ပြီ
ငါ...ဘာစွမ်းနိုင်သေးလဲ
ငါ့...ရည်ရွယ်ချက်ကဘာလဲ
ငါ့အတွက် မျှော်လင့်ချက်က
ဇွန်းတပ်ထားတဲ့ နွားနို့တစ်ခွက်နဲ့
မေတ္တာလက်တစ်စုံပေါ့...
Apr 9, 2012
ထားသွားခဲ့တဲ့ချစ်သူ
နင်ကထားသွားခဲ့တဲ့သူဆိုတော့
နောက်ကိုလှည့်မကြည့်တော့ဘူးပေါ့
ငါမှာတော့နောက်မှာ
နင်ပေးခဲ့တဲ့ ဒဏ်ရာဒဏ်ချက်တွေ
မျက်ရည်မိုးတွေနဲ့ အသက်ဆက်ခဲ့ရတယ်
ဒါတွေနင်ဘယ်သိပါ့မလဲနော်
ငါနင့်ကို နားလည်ပေးခဲ့တယ်
ငါနင့်ကို နားလည်ပေးခဲ့တယ်ဆိုတာ
ငါ့မွေးရာပါဗီဇလည်း မဟုတ်ဘူး
ငါနင့်ကိုချစ်တဲ့စိတ်တစ်ခုတည်းနဲ့
နင်နဲ့ပတ်သက်သမျှအရာအားလုံးကို
တန်ဖိုးထားခဲ့တယ်
ဒါပေမဲ့ ဒါတွေက နင့်အတွက်
နင်အလေးမထားတဲ့ အရာတွေဖြစ်နေတယ်ဆိုတာ
သိလိုက်ရတဲ့အချိန်မှာ
ငါနင့်ကို နာကြည်းမိတယ် ချစ်သူ...
Apr 7, 2012
ပေးဆပ်သူရဲ့ နှလုံးသား
ညရီတရော တိမ်တောက်ချိန်ဟာ
အလှဆုံးပါ
အမှောင်တိုက်ဖုံး မဆုံးခင်မှာ
ရင်မှာ လွမ်းမောနေခဲ့တယ်။
ချစ်သူအပြုံး ပွင့်ဖူးချိန်ဟာ
အလှဆုံးပါ
အမုန်းမျက်စောင်း မယိမ်းချိန်မှာ
ရင်မှာ ကြည်နူးနေခဲ့တယ်။
ချစ်သူနွဲ့ဆိုး လွင့်မြူးချိန်ဟာ
တွယ်တာဆုံးပါ
ခံစားချက်တို့ မအေးခဲခင်မှာ
ရင်မှာ ကြိုသိနေခဲ့တယ်။
ချစ်သူအမုန်း လွမ်းမိုးချိန်ဟာ
နာကျည်းဆုံးပါ
မျက်ရည်ဥတို့ မစီးကျခင်မှာ
ရင်မှာဆို့နင့်နေခဲ့တယ်။
ချစ်သူအကြည့် စိမ်းကားချိန်ဟာ
အခါးသီးဆုံးပါ
လမ်းခွဲသွားတဲ့ သူ့နှလုံးသားကို ငေးကြည့်ချိန်မှာ
ရင်မှာကြေကွဲနေခဲ့တယ်။
အချစ်သစ်နဲ့ သူတွေ့ချိန်ဟာ
ဝမ်းအနည်းဆုံးပါ
ပျော်မြူးနေတဲ့ မင်းတို့အတွဲကို ငေးကြည့်ချိန်မှာ
ရင်မှာငိုကြွေးနေခဲ့တယ်။
ညဥ့်ယံထက်ဦးအလှထူးသည့် လမင်းပမာချစ်သူလေးဟာ
အမြဲလန်းကာ ဆန်းပါစေ။
လမင်းလေး ပျော်နေချိန်ဝယ်
ငါ့ရဲ့စိတ်ထဲပျော်နေတယ်။
လမင်းလေး ငိုစဉ်ခါဝယ်
ငါ့ရဲ့ရင်ထဲ ငိုနေတယ်။
Apr 4, 2012
ကိုယ့်အချစ်
မဖြစ်သင့်ဘူးလို့ထင်တဲ့တစ်နေ့ကျရင်
ရပ်သင့်ရင်ကိုယ်ရပ်မှာပါ
ဒါပေမယ့်အဲဒါမင်းကိုမချစ်လို့တော့မဟုတ်ဘူးနော်
Mar 28, 2012
ကျိုးပုထုံး ၏ ချစ်ကဗျာ
ငွေစင်ယော်
ရေပြင်ပေါ်မှာ တောင်ပံယှက်
မောင်နှံငှက်ပုံအသွင်
ပြန်တော့မည်ပြင်
ဟန်ကြော့ကြည်ရွင်
ဆံနှော့ကယ်မြေဆီဝင်စေတော့
မြနန်းရှင်
ခင်မမုန်းတယ်
ဆုံးတစ်သက်တိုင်ပေါ့။ ဖြူစင်သော အချစ်ရောင်
အရောင်မပြောင်းလဲ
ကောင်းကင်ပြာဟာ
တိမ်တွေကတိုင်း
ယိမ်းနေတယ်
ကောင်းကင်ပြာဟာ
တိမ်တွေကတိုင်း
ယိမ်းနေတယ်
အရောင်မပြောင်းလဲ
နေမင်းကြီးဟာ
မြူခိုးဝေတိုင်း
မှေးမှိန်တယ်
အရောင်မပြောင်းလဲ
ငွေသော်တာဟာ
ကြယ်တွေကြွေတိုင်း
လင်းထိန်တယ်
အရောင်မပြောင်းလဲ
သစ်ပင်တိုင်းဟာ
နွေကိုရောက်တိုင်း
ရွက်ကြွေတယ်
အရောင်မပြောင်းလဲ
ငါ့နှလုံးသားဟာ
ချစ်ခဲ့မိတိုင်း
ဖြူစင်တယ်
အရောင်မပြောင်းလဲ
ငါ့အသွေးအသားဟာ
မင်းကိုတွေ့တိုင်း
ဆူဝေတယ်
အရောင်မပြောင်းလဲ
မေတ္တာတရားဟာ
မင်းအကြည့်တိုင်းက
နွေးထွေးတယ်
အရောင်မပြောင်းလဲ
သစ္စာတရားဟာ
မိုင်တွေဝေးလည်း
အေးခဲတယ်
အရောင်မပြောင်းလဲ
တို့နှစ်ယောက်အချစ်ဟာ
ရင်ခုန်သံအတိုင်း
ကမ္ဘာမြေကို
အလှဆင်မယ်
နှလုံးသားရဲ့
အဖြူစင်ဆုံး
အသွေးအသားနဲ့
နေနဲ့လကိုသက်သေတည်
တွဲလက်မဖြုတ်ပဲ
သက်ဆုံးတိုင်ထိ
ယုံကြည်မှုနဲ့နားလည်မည်
ကမ္ဘာဦးအစ အချစ်အိမ်မှာ
တို့နှစ်ဦးသားပေါင်းဖက်မည်
နေသူရိန်ထွန်းလင်းတဲ့
ကောင်းကင်ပြာ
ညနက်တိုင်းမှာ
ကြယ်စင်တွေနဲ့ငွေလမင်းဟာ
လင်းထိန်တယ်
ဖြူစင်လွန်းတဲ့
ချစ်မေတ္တာ
ရာသီတိုင်းမှာ ရွက်ဟောင်းခြွေရင်း
ရွက်သစ်များနဲ့စိမ်းစိုတယ်
ဝေးကွာမှုကြောင့်သွေးခဲလည်း
သစ္စာတရားက
မင်းအကြည့်တိုင်းမှာ
ငါ့အသွေးအသား၊မေတ္တာတရားကြောင့်
နွေးထွေးတယ်
ရင်ခုန်သံနဲ့
ကမ္ဘာမြေမှာ
အလှဆင်တိုင်း
တို့နှစ်ယောက်အချစ်ဟာ
ဆန်းကြယ်တယ်
တို့နှစ်ဦးသားပေါင်းဖက်ခဲ့
ယုံကြည်မှုနဲ့
နားလည်တိုင်းမှာ
အဖြူစင်ဆုံးနှလုံးသားနဲ့ အချစ်အိမ်မှာ
တွဲလက်မဖြုတ်ပဲ
ကြင်နာမယ်
Mar 27, 2012
နှလုံးသားထဲမှ လမင်းလေး
" ဆယ်တန်းကျောင်းသား"
ဆယ်တန်းဘ၀ နှစ်စမှာ၊
ဟန်ကြီးများဖြင့် ရောက်လို့လာ၊
ငါ့ကို သေချာကြည့်လို့ထား၊
ခြောက်ဘာသာသမား။
နှစ်လယ်ရောက်တော့၊
သူဟစ်ကြွေး၊
သုံးလေးဘာသာ ထိုင်နိုင်သေး။
နှစ်ဆုံးမှာတော့ သူပြောရှာ၊
တစ်ဘာသာကို လေးဆယ်ပါ။
`ရတနာပုံ´ကျောင်းတံခါး၊
ထိုကျောင်းသားအတွက်၊
ဖွင့်လှစ်ထား။
ဟန်ကြီးများဖြင့် ရောက်လို့လာ၊
ငါ့ကို သေချာကြည့်လို့ထား၊
ခြောက်ဘာသာသမား။
နှစ်လယ်ရောက်တော့၊
သူဟစ်ကြွေး၊
သုံးလေးဘာသာ ထိုင်နိုင်သေး။
နှစ်ဆုံးမှာတော့ သူပြောရှာ၊
တစ်ဘာသာကို လေးဆယ်ပါ။
`ရတနာပုံ´ကျောင်းတံခါး၊
ထိုကျောင်းသားအတွက်၊
ဖွင့်လှစ်ထား။
နှုတ်ဆက်ခြင်း လက်ဆောင်
မင်းအနားမှခွာ ဝေးကွာရာသို့
သွားပါတော့မယ် ချစ်သူလေးရယ်
နောက်ဆုံးအကြိမ် ခွဲခွာချိန်တွင်
ရင်ထဲစကား ပြောချင်ပါသည်
တစ်ခွန်းတည်းရယ်
"သိပ်ချစ်တယ်"
Subscribe to:
Posts (Atom)