Mar 28, 2012

ဖြူစင်သော အချစ်ရောင်


အရောင်မပြောင်းလဲ
ကောင်းကင်ပြာဟာ
တိမ်တွေကတိုင်း
ယိမ်းနေတယ်


အရောင်မပြောင်းလဲ
နေမင်းကြီးဟာ
မြူခိုးဝေတိုင်း
မှေးမှိန်တယ်


အရောင်မပြောင်းလဲ
ငွေသော်တာဟာ
ကြယ်တွေကြွေတိုင်း
လင်းထိန်တယ်


အရောင်မပြောင်းလဲ
သစ်ပင်တိုင်းဟာ
နွေကိုရောက်တိုင်း
ရွက်ကြွေတယ်


အရောင်မပြောင်းလဲ
ငါ့နှလုံးသားဟာ
ချစ်ခဲ့မိတိုင်း
ဖြူစင်တယ်


အရောင်မပြောင်းလဲ
ငါ့အသွေးအသားဟာ
မင်းကိုတွေ့တိုင်း
ဆူဝေတယ်


အရောင်မပြောင်းလဲ
မေတ္တာတရားဟာ
မင်းအကြည့်တိုင်းက
နွေးထွေးတယ်


အရောင်မပြောင်းလဲ
သစ္စာတရားဟာ
မိုင်တွေဝေးလည်း
အေးခဲတယ်


အရောင်မပြောင်းလဲ
တို့နှစ်ယောက်အချစ်ဟာ
ရင်ခုန်သံအတိုင်း
ကမ္ဘာမြေကို
အလှဆင်မယ်


နှလုံးသားရဲ့
အဖြူစင်ဆုံး
အသွေးအသားနဲ့
နေနဲ့လကိုသက်သေတည်
တွဲလက်မဖြုတ်ပဲ
သက်ဆုံးတိုင်ထိ
ယုံကြည်မှုနဲ့နားလည်မည်
ကမ္ဘာဦးအစ အချစ်အိမ်မှာ
တို့နှစ်ဦးသားပေါင်းဖက်မည်


နေသူရိန်ထွန်းလင်းတဲ့
ကောင်းကင်ပြာ
ညနက်တိုင်းမှာ
ကြယ်စင်တွေနဲ့ငွေလမင်းဟာ
လင်းထိန်တယ်


ဖြူစင်လွန်းတဲ့
ချစ်မေတ္တာ
ရာသီတိုင်းမှာ ရွက်ဟောင်းခြွေရင်း
ရွက်သစ်များနဲ့စိမ်းစိုတယ်


ဝေးကွာမှုကြောင့်သွေးခဲလည်း
သစ္စာတရားက
မင်းအကြည့်တိုင်းမှာ
ငါ့အသွေးအသား၊မေတ္တာတရားကြောင့်
နွေးထွေးတယ်


ရင်ခုန်သံနဲ့
ကမ္ဘာမြေမှာ
အလှဆင်တိုင်း
တို့နှစ်ယောက်အချစ်ဟာ
ဆန်းကြယ်တယ်


တို့နှစ်ဦးသားပေါင်းဖက်ခဲ့
ယုံကြည်မှုနဲ့
နားလည်တိုင်းမှာ
အဖြူစင်ဆုံးနှလုံးသားနဲ့ အချစ်အိမ်မှာ
တွဲလက်မဖြုတ်ပဲ
ကြင်နာမယ်

No comments:

Post a Comment