Apr 10, 2012

နိုးတစ်ဝက်အိပ်မက်

တူရိယာတွေ ကြိုးပြတ်လို့
တီးခတ်သူလည်း မဲ့ကုန်ပြီ
ဂီတသံတွေ တိတ်ဆိတ်လို့
ညတွေလည်း သွေ့ကုန်ပြီ
မုတ်သုန်လေ စခန်းထလို့
ကြယ်တွေလည်း ငိုကုန်ပြီ
ငါ့ရွှက်တိုင်တွေ လဲပြိုလို့
ငါ့ဘ၀လည်း မျောနေပြီ
ပျံသန်းခြင်းတွေ ရပ်တန့်လို့
ဆီးကြိုသူလည်း ဆိတ်ကုန်ပြီ
ငါ...ဘာစွမ်းနိုင်သေးလဲ
ငါ့...ရည်ရွယ်ချက်ကဘာလဲ
ငါ့အတွက် မျှော်လင့်ချက်က
ဇွန်းတပ်ထားတဲ့ နွားနို့တစ်ခွက်နဲ့
မေတ္တာလက်တစ်စုံပေါ့...

No comments:

Post a Comment