Apr 9, 2012

ထားသွားခဲ့တဲ့ချစ်သူ


နင်ကထားသွားခဲ့တဲ့သူဆိုတော့
နောက်ကိုလှည့်မကြည့်တော့ဘူးပေါ့
ငါမှာတော့နောက်မှာ
နင်ပေးခဲ့တဲ့ ဒဏ်ရာဒဏ်ချက်တွေ
မျက်ရည်မိုးတွေနဲ့ အသက်ဆက်ခဲ့ရတယ်
ဒါတွေနင်ဘယ်သိပါ့မလဲနော်
ငါနင့်ကို နားလည်ပေးခဲ့တယ်
ငါနင့်ကို နားလည်ပေးခဲ့တယ်ဆိုတာ
ငါ့မွေးရာပါဗီဇလည်း မဟုတ်ဘူး
ငါနင့်ကိုချစ်တဲ့စိတ်တစ်ခုတည်းနဲ့
နင်နဲ့ပတ်သက်သမျှအရာအားလုံးကို
တန်ဖိုးထားခဲ့တယ်
ဒါပေမဲ့ ဒါတွေက နင့်အတွက်
နင်အလေးမထားတဲ့ အရာတွေဖြစ်နေတယ်ဆိုတာ
သိလိုက်ရတဲ့အချိန်မှာ
ငါနင့်ကို နာကြည်းမိတယ် ချစ်သူ...

No comments:

Post a Comment