Nov 20, 2015

ဘ၀နှင့်အလှ

မြင်မြင်သမျှ ဤလောကတွင်
အလှတို့ဖြင့်ပြည့်ဘိ၏၊
မြင်မြင်သမျှ ဤလောကတွင်အလှတို့ဖြင့် ချယ်သဖြင့်လည်း
မြင်ခွင့်ရှိမှ မြင်စွမ်းရသည်
အလှဟူငြား မြင်သည်ထားဦး
ခံစားသိတတ် ခံယူတတ်မှကျိုးမြတ်ပီတိ ရင်ဝယ်ငြိ၏၊
သြော်...လူ့ဘုံလောကာ ရခဲစွာကိုရလာခဏ တဘ၀၀ယ် 
အလှမမြင် လှမမင်ဘဲ
မြင်ရန်မဖွေ ဖွေရန်မသိ
ငါဖြစ်ဘိမူ ငါ၏ဘ၀ ထိုခဏသည်
မည်မျှရှုံးလိုက်လေမည်နည်း။ 
မောင်စွမ်းရည်

No comments:

Post a Comment