Apr 7, 2012

ပေးဆပ်သူရဲ့ နှလုံးသား

ညရီတရော တိမ်တောက်ချိန်ဟာ
အလှဆုံးပါ
အမှောင်တိုက်ဖုံး မဆုံးခင်မှာ
ရင်မှာ လွမ်းမောနေခဲ့တယ်။

ချစ်သူအပြုံး ပွင့်ဖူးချိန်ဟာ
အလှဆုံးပါ
အမုန်းမျက်စောင်း မယိမ်းချိန်မှာ
ရင်မှာ ကြည်နူးနေခဲ့တယ်။

ချစ်သူနွဲ့ဆိုး လွင့်မြူးချိန်ဟာ
တွယ်တာဆုံးပါ
ခံစားချက်တို့ မအေးခဲခင်မှာ
ရင်မှာ ကြိုသိနေခဲ့တယ်။

ချစ်သူအမုန်း လွမ်းမိုးချိန်ဟာ
နာကျည်းဆုံးပါ
 မျက်ရည်ဥတို့ မစီးကျခင်မှာ
ရင်မှာဆို့နင့်နေခဲ့တယ်။

ချစ်သူအကြည့် စိမ်းကားချိန်ဟာ
အခါးသီးဆုံးပါ
လမ်းခွဲသွားတဲ့ သူ့နှလုံးသားကို ငေးကြည့်ချိန်မှာ
ရင်မှာကြေကွဲနေခဲ့တယ်။

အချစ်သစ်နဲ့ သူတွေ့ချိန်ဟာ
ဝမ်းအနည်းဆုံးပါ
ပျော်မြူးနေတဲ့ မင်းတို့အတွဲကို ငေးကြည့်ချိန်မှာ
ရင်မှာငိုကြွေးနေခဲ့တယ်။

ညဥ့်ယံထက်ဦးအလှထူးသည့် လမင်းပမာချစ်သူလေးဟာ
အမြဲလန်းကာ ဆန်းပါစေ။
လမင်းလေး ပျော်နေချိန်ဝယ်
ငါ့ရဲ့စိတ်ထဲပျော်နေတယ်။
လမင်းလေး ငိုစဉ်ခါဝယ်
ငါ့ရဲ့ရင်ထဲ ငိုနေတယ်။



1 comment:

  1. ကောင်းတယ်.ကောင်းတယ်....သူငယ်ချင်းဆက်သာရေး.....အများကြီးဖြစ်ရင်.ငါထုတ်ဝေသူ လုပ်ပေးမယ်.သိလားးးးးးးးနင့်ကဗျာတွေကိုလေ.ဇီးထုပ်ရဲ့နောက်ကျောမှာ ထည့်ပေးမယ်နော်.အဟဲ နောက်တာ စိတ်မဆိုးနဲ့

    ReplyDelete